Breaking News
Loading...
Saturday, April 30, 2011

Info Post
ကွန်ပျုတာ မ hang ခင်သိထားသင့်တဲ့ အချက်တွေဖြစ်ပြီး ပုံမှန်ဂရုစိုက်ပြီး လုပ်စေချင်တာပါ။ ဒါပေသိ မလုပ်ဖြစ်လို့ ကွန်ပျုတာ hang နေပီဆိုမှ လုပ်ချင်တယ်ဆိုရင်လည်း ကွန်ပျုတာကို ပြန်လည်သွတ်လပ်စေဖို့ လုပ်ဆောင်ရမည့် အချက်တွေပဲဖြစ်ပါတယ်။
၁။ run box မှာ msconfig လို့ရိုက်ပြီး startup tab မှ item တွေ အားလုံးကို disable all လုပ်ပြီး ctfmon ဆိုတဲ့ item တစ်ခုကိုပဲ  check ပြန်လုပ်ပြီး ok နှိပ်ပါ။ restart ချမှာလား မေးရင် exist without restart ကိုနှိပ်ပြီး restart နောက်မှ လုပ်မယ်ပြောလိုက်ပါ။
၂။ run box မှာ services.msc လို့ရိုက်ပြီး ကိုယ့်ကွန်ပျုတာမှာ အသုံးမပြုဖြစ်တဲ့ services တွေ၊ အသုံးပြုမှု အလွန်နည်းတဲ့ services တွေကို disable လုပ်ထားပါ။
၃။ My computer အတွင်းရှိ data ထည့်သုံးထားသော Drive များကို Disk Clean up & Defragment ကို တစ်ပါတ် တစ်ခါဖြစ်ဖြစ် အားလပ်ချိန်များတွင် ပြုလုပ်ပေးပါ။ hardware ပိုင်းမှာလည်း တစ်လတစ်ခါဖြစ်စေ ဖုန်တွေကို မှုတ်ထုတ်ပြီး သန့်ရှင်းရေးလုပ်ပေးပါ။

၎။ ကွန်ပျုတာတွင် virus ရှိမနေအောင် ဂရိုတစိုက် စောင့်ရှောက်ပါ။ ရှိ/မရှိ ကြည့်ကြည့်ပေးပါ။ Antivirus တစ်ခုခုကို ပုံမှန် update လုပ်ပေးပြီး နေ့စဉ် virus scan လုပ်ပေးပါ။ usb drive များ၊ cd/dvd drive များ၊ download ချထားသည်များမှ software များ၊ ဖိုင်များကို အလွယ်တကူ click နှိပ် မဖွင့်မိပါစေနှင့်။ virus စစ်ပြီး virus မရှိမှ ဖွင့်သုံးပါ။ (ဒီ နံပါတ် ၄ သည် စက် hang စေသော အဓိကအချက်ထဲတွင် ပါပါသည်။)
၅။ အသုံးပြုတဲ့ software နှင့် hardware မျှတပါစေ။ ဒီလိုဗျာ ကိုယ့် ကွန်ပျုတာက hardware ပိုင်းမှာ အရမ်းအားနည်းနေရင် software ပိုင်းမှာ latest တွေ၊ ခဏစမ်းသုံးကြည့်တဲ့ software တွေကို ပြန်ဖြုတ်ပြီး hardware နှင့် မျှတအောင် ပြန်ချိန်ညှိဖို့တော့ လိုပါမယ်။ (ဒီ နံပါတ် ၅ သည်လည်း စက် hang စေသော အဓိကအချက်တစ်ခု ဖြစ်ပါသည်။)
၆။ နှစ်သက်ရာ speed up software တစ်ခုခုဖြင့် ကွန်ပျုတာကို ပုံမှန် Maintenance  လုပ်ပေးပါ။
၇။ ကွန်ပျုတာမှာ install လုပ်ထားတဲ့ application software တွေက အရမ်းများပြီး virus နှင့် data defragment မလုပ်ဖြစ်လို့ စက် hand တယ်လို့ ယူဆရင်တော့ virus သတ်၊ data backup လုပ်ပြီး window အသစ်ပြန်တင်ဖို့ အဆင်ပြေမယ်ဆိုရင် တစ်ခါတစ်လေ window ပြန်တင်လိုက်ရင်လည်း စက်ကိုပြန်လည် သွတ်လတ်စေပါတယ်။
နံပါတ် ၁ အချက် ဘာကြောင့်လုပ်ရတာလဲ?
၁။  startup item တွေထဲမှာ ရှိတဲ့ application တွေက ကွန်ပျုတာစဖွင့်လိုက်တာနဲ့ နောက်ကွယ်ကနေ အလုပ်လုပ်နေစေတဲ့ application တွေရှိနေတဲ့ နေရာပါ။ virus program များရဲ့ မရောက်မဖြစ် နေရာလည်း ဖြစ်ပါတယ်။
software တော်တော်များများသည် install လုပ်ပြီးတာနဲ့ သူတို့ software ကို ကွန်ပျုတာ ဖွင့်လိုက်သည်နှင့် အသုံးပြုဖြစ်စေရန် ဒီ startup item ထဲမှာ ရောက်ရှိနေစေပါတယ်။ အဲ့ဒီအတွက် အကျိုးသက်ရောက်မှုက ကွန်ပျုတာရဲ့ boot speed အရမ်းနှေးစေပါတယ်။ ကွန်ပျုတာ အဖွင့်အရမ်းကြာလာပါတယ်။ ctfmon item တစ်ခုတည်းချန်ပြီး check လုပ်ရသည့် အကြောင်းက zawgyi keyboard လေးပျောက်သွားမှာဆိုးလို့ပါ။
နံပါတ် ၂ အချက် ဘာကြောင့်လုပ်ရတာလဲ?
၂။ ကွန်ပျုတာကို တကယ်လိုအပ်လို့ program ၂ ခု ၃ ခု တွဲပြီး အသုံးချပြီဆိုတဲ့အခါမှာ စက်ကို hang သွားစေတာဟာ ဒီနေရာမှာ မလိုအပ်ပဲ အလုပ်လုပ်နေတဲ့ service တွေကို run ခွင့်ပေးထားလို့ပါ။ ဒါကြောင့် ဒီ service တွေထဲက ကိုယ့်ကွန်ပျုတာမှာ အသုံးမပြုဖြစ်တဲ့ services တွေ၊ အသုံးပြုမှု အလွန်နည်းတဲ့ services တွေကို disable လုပ်ထားသင့်တာဖြစ်ပါတယ်။ ဒီလို disable လုပ်ဖို့က service တစ်ခုခြင်းရဲ့ အလုပ်လုပ်ပုံကို သိထားဖို့လိုပါမယ်။ 
နံပါတ် ၃ အချက် ဘာကြောင့်လုပ်ရတာလဲ?
၃။ ကွန်ပျုတာအသုံးပြုပီဆိုတဲ့အခါမှာ လိုအပ်တဲ့ data ၊ program တွေကိုခေါ်ယူအသုံးပြုတဲ့အပိုင်းအများဆုံးပါပါတယ်။ အဲ့ဒီအတွက် မလိုအပ်တဲ့ data တွေ၊ Temporary files ၊ စတာတွေကို ရှင်းထုတ်ပေးဖို့ Disk Clean up နှင့် လိုအပ်တဲ့ data တွေကို အစီအရီ ဖြစ်စေဖို့ Defragment ဆိုတာ ကွန်ပျုတာ မ hang စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ hardware ပိုင်းမှာ အသုံးပြုမှု ကြာလာတာနှင့်အမျှ ဖုန်မှုန်တွေက ကပ်နေနိုင်ပါတယ်။ အဲ့ဒါတွေက တစ်လတစ်ခါဖြစ်စေ ပုံမှန်ရှင်းထုတ်သင့်ပါတယ်။
နံပါတ် ၄ အချက် ဘာကြောင့်လုပ်ရတာလဲ?
၎။ ကွန်ပျုတာကို hang စေတဲ့ အဓိကအချက် ဖြစ်သလို တခြား ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်စေတဲ့အတွက် ဒီအချက်ကတော့ စက် hang တဲ့ ကွန်ပျုတာမှာ ဖြစ်စေ မ hang တဲ့ ကွန်ပျုတာမှာဖြစ်စေ ဂရုစိုက်သင့်တဲ့အချက်မို့ပါ။
နံပါတ် ၅ အချက် ဘာကြောင့်လုပ်ရတာလဲ?
၅။ စက်ကို hang စေတဲ့ အဓိကအချက်လို့ ဆိုထားသလို software ပိုင်းအသုံးပြုမှုနှင့် hardware ပိုင်းတပ်ဆင်မှုက မျှတဖို့ လိုအပ်ပါတယ်။ software ပိုင်းမှာ latest တွေပဲသုံးချင်တယ်။ နောက် software တွေကို မသုံးဖူးတာမရှိရအောင်ဆိုပြီး install လေးလုပ်ပြီး စမ်းစမ်းသုံးကြည့်ဖြစ်တယ်။ နောက်အသုံးချမှု နည်းတဲ့ software တွေကို ပြန်လည်း မဖြုတ်ဖြစ်ဘူးဆိုရင်တော့ hardware ပိုင်း upgrade လုပ်နိုင်မှ ဖြစ်ပါမယ်။ ကိုယ်စက်က hardware ပိုင်းလုပ်ဆောင်နိုင်မှုနှင့် ကိုယ်သုံးချင်တဲ့ software ပိုင်း အသုံးချမှု မျှတစေဖို့က စက်မ hang စေဖို့မှာ အဓိက ကျလှပါတယ်။
နံပါတ် ၆ အချက် ဘာကြောင့်လုပ်ရတာလဲ?
၆။ ဒီလို ကွန်ပျုတာကို speed up software တစ်ခုခုသုံးပြီးလုပ်ဆောင်တာဟာ ကွန်ပျုတာကို ပိုမိုကောင်းမွန်စေဖို့နှင့် Manual Maintenance လုပ်ဆောင်မှုတွေမှာ ကျန်ရှိနေတဲ့ function တွေကို လုပ်ဆောင်ပေးနိုင်တဲ့အတွက် ဒီလို ကိုယ်နှစ်သက်ရာ speed up software တစ်ခုခုကို လက်ကိုင်ထားပြီး လုပ်ဆောင်စေတာကလည်း စက်မ hang စေဖို့မှာ လုပ်ဆောင်သင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

နံပါတ် ၇ အချက် ဘာကြောင့်လုပ်ရတာလဲ?
၇။ ဒီအချက်ကတော့ ကွန်ပျုတာကို ကုမ္ပဏီတွေ၊ အစိုးရဌာနတွေမှာ data တွေကို အချိန်နှင့်အမျှ အရေးပေါ် ချိတ်ဆက်အသုံးပြုနေရတဲ့ သူတွေအတွက် ကွန်ပျုတာ သွတ်စေဖို့ တစ်ခုတည်းအတွက်တော့ မသင့်တော်ပါဘူး။
ကျနော်ကတော့ ကွန်ပျုတာတစ်လုံးကို ကြည့်လိုက်လို့ software တွေ ပွစလောင်းလန်နေတယ်၊ virus လည်းရှိတယ်၊ ပုံမှန် Maintenance လည်း လုပ်မထားဘူး၊ window အသစ်တင်ဖို့လည်း အဆင်ပြေတယ်ဆိုရင် တစ်ခါတစ်လေ window အသစ်ပြန်တင်ပေးပြီး စက်ကို သွတ်လတ်စေပါတယ်။ ဒါက နောက်ဆုံးအဆင့်အနေနဲ့ လုပ်တာပါ။ ပုံမှန်အားဖြင့်တော့ အပေါ်က ၆ ချက်နဲ့ပဲ အဆင်ပြေပါတယ်။

0 comments:

Post a Comment

♠♠♠..deih sak na in it na hi..♠♠♠