၅။ ဘာမြူဒါ တြိဂံဒေသ (Bermuda Triangle)

ဘာမြူဒါ တြိဂံဒေသ ကို နတ်ဆိုး တြိဂံဒေသလို့လည်းခေါ်ပြီးတော့ မြောက် အတ္တလန္တိတ် သမုဒ္ဒရာထဲက အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ဘာမြူဒါ တြိဂံဒေသ မှာ သဘောင်္များနဲ့ လေယာဉ်များ အကြောင်းအရင်း ရှာမရဘဲနဲ့ ပျောက်ဆုံးသွားခဲ့ဖူးပြီး ဘာမြူဒါ တြိဂံဒေသနားတစ်ဝိုက်ဟာ ကမ္ဘာတစ်ဝှမ်းမှ သဘောင်္များစွာ အသုံးပြု ဖြတ်သန်းသွားလာနေရတဲ့ လမ်းကြောင်းတစ်ခုလဲဖြစ်ပါတယ်။သဘောင်္မောင်းသူတွေ၊လေယာဉ်မောင်းသူတွေဟာ ဘာမြူဒါ တြိဂံဒေသအနားရောက်ရင် ဗရုန်းသုန်းကားဖြစ်သွားပြီး အဆက်အသွယ်ပြတ်ပျောက်ဆုံးသွားခဲ့ကြပါတယ်။နောက်ပိုင်းမှာ သဘောင်္တွေ အန္တရယ်ကင်းစွာ သွားလာနိုင်ကြပေမဲ့ အရင် ၁၉၄၀ တစ်ဝိုက်က ပျောက်ဆုံးသွားခဲ့တဲ့ သဘောင်္များနဲ့ လေယာဉ်များ ပျောက်ဆုံးသွားရင်ခြင်း အကြောင်းရင်းကိုတော့ ယနေ့အထိ မသိရှိကြသေးပါဘူး။
၎။ ရွေ့နေတဲ့ ကျောက်တုံးများ

Racetrack Playa လို့ခေါ်တဲ့ နေရာဟာ သဘာဝအတိုင်း ခြောက်သွေ့နေတဲ့ ကန်တစ်ကန်ဖြစ်ပြီးတော့ အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယား ပြည်နယ်၊အင်ယို မြို့နယ်မှာ တည်ရှိပါတယ်။ဒီကန်ထဲက ကျောက်တုံးများဟာ လူ (သို့)တိရစ္ဆာန် တစ်ကောင်ကောင်ရဲ့ ပယောဂ မပါဝင်ဘဲ ကန်မျက်နှာပြင်မှာ ရွေ့လျားနေတတ်ပြီး လမ်းကြောင်းရာတစ်ခုကို လည်းချန်ထားတတ်ပါတယ်။သိပ္ပံပညာရှင်များကတော့ ဒီကျောက်တုံးများရွေ့သွားရခြင်းဟာ လေကြောင့် ဖြစ်တယ်လို့ ဆိုထားပေမဲ့ တခြားသောသူများကတော့ ဒီကျောက်တုံးတွေရဲ့ အလေးချိန်ဟာ လူတစ်ယောက် အလေးချိန်လောက်ရှိတဲ့အတွက် လေတိုက်ရုံနဲ့တော့ မရွေ့နိုင်ဘူးလို့ ပြန်လည်ချေပထားကြပါတယ်။ကျောက်တုံးတွေ ရွေ့နေတဲ့ ပုံကို ဘယ်သူမှာ မှတ်တမ်းတင်ရိုက်ကူးနိုင်ခြင်း မရှိသေးတဲ့အတွက် ဒီကိစ္စဟာလည်း မဖြေရှင်းနိုင်သေးဘူးလို့ပဲဆိုရမှာပါ။
၃။ ကီရာလာ အနီရောင်မိုး (Red rain in Kerala)

၂၀၀၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ထူးခြားဖြစ်စဉ်အနေနဲ့ အိန္ဒိယ နိုင်ငံ တောင်ဘက် ကီရာလာ ပြည်နယ်တွင် အနီရောင်မိုးများရွာသွန်းခဲ့ပြီး အ၀တ်အစားများကို စွန်းထင်းစေခဲ့ပါတယ်။အ၀ါရောင်၊အစိမ်းရောင်နဲ့ အနက်ရောင် စတဲ့ အရောင်ရှိတဲ့ မိုးရေများ ကီရာလာ ပြည်နယ်တွင် ၁၈၉၆ ခုနှစ်မှစပြီး ရွာသွန်းဖူးခဲ့တယ်လို့မှတ်တမ်းများအရ သိရပါတယ်။အိန္ဒိယ အာဏာပိုင်များကတော့ ဒီလို မိုးရေနီသွားရခြင်းဟာ ရေညှိပင်တစ်မျိုးရဲ့ လေဆောင်သစ်စေ့ များနဲ့ မိုးရေတို့ ထိတွေ့ခြင်းကြောင့် နီသွားခြင်းဖြစ်တယ်လို့ ရှင်းချက်ထုတ်ခဲ့ပေနဲ့ ၂၀၀၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ပုဒ်မှာတော့ ဒီအနီရောင်အမှုန်များဟာ အခြားကမ္ဘာဂြိုဟ်မှ လာတဲ့ အမှုန့်တွေဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။လေ့လာမှုတွေ အမျိုမျိုးပြုလုပ်ခဲ့ပေမဲ့ တိကျတဲ့ အကြောင်းတစ်ရပ်ကိုတော့ အခုထိ မသိရှိသေးကြပါဘူး။

အီတလီနိုင်ငံမှာ ၁၄၀၀ ခုနှစ်တစ်ဝိုက်က စာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့ပြီး ဒီစာအုပ်မှာ ထူဆန်းတဲ့ သရုပ်ဖော်ချက်တွေနဲ့ ဘယ်ဘာသာစကားမှန်းကို မသိကြတဲ့ ဘာသာစကားနဲ့ရေးထားတာဖြစ်ပါတယ်။သရုပ်ဖော်ပုံတွေ အားဖြင့်တော့ ဒီစာအုပ်မှာ ဇီဝဗေဒက စလို့ နက္ခတ္တဗေဒ ပညာရပ်အပြင် ဟင်းချက်နည်းတွေက အစ ဖော်ပြထားတယ်လို့သိရပါတယ်။ဒီစာအုပ်ဟာ လူတစ်ယောက်ကို စနောက်လိမ်လည်ပြီးရေးခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆတဲ့ လူရှိသလို့ လူတစ်ယောက်က ဘာသာစကားများကို ပေါင်းစပ်ဖန်တီးပြီး ပညာရပ်များကို ထိန်းသိမ်းခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ယူဆတဲ့ သူများလည်း ရှိကြပါတယ်။
၁။ အတ္တလန္တိတ် ကျွန်း ( Atlantis = “island of Atlas”)

အတ္တလန္တိတ် ကျွန်းဟာ ပလေတို ပထမဆုံး စတင်ဖော်ပြခဲ့တာ ဖြစ်ပြီး ပလေတိုရဲ့ စာထဲမှာ အေသင်မြို့သားတွေဟာ အတ္တလတ် မြို့သားတွေရဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့ပြီး အဆုံးမှာတော့ အတ္တလန္တိတ်မြို့ကြီးဟာ နတ်ဘုရားတွေရဲ့ အပြစ်ပေးမှုကြောင့် အတ္တလန္တိတ် သမုဒ္ဒရာထဲ စုံးစုံးမြှပ်သွားခဲ့တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ဒီကနေ့ခေတ်မှာ အတ္တလန္တိတ် ကျွန်း ရဲ့ တည်နေရာကို အေဂျီယန် ပင်လယ်ထဲက ဆန်တိုရီနီကျွန်း (သို့) ဆီစီလီ ကျွန်းမှာ ဖြစ်တယ်လို့ ဆိုတဲ့ သူကဆိုကြပြီး ဒဏ္ဍာရီသက်သက်သာဖြစ်တယ်လို့ ပြောတဲ့လူကလည်း ပြောကြပါတယ်။
0 comments:
Post a Comment
♠♠♠..deih sak na in it na hi..♠♠♠
Click to see the code!
To insert emoticon you must added at least one space before the code.