Breaking News
Loading...
Wednesday, August 17, 2011

Info Post
 LAN ထဲမှာ FM station လေး တစ်ခု လုပ်ကြည့်ရအောင်ဗျာ ။ ကျွန်တော့် LAN ထဲမှာ လုပ်တာကိုပဲ ပြောသွားပါမယ် ။
၁) ပထမဆုံး Window media encoder 9 ကို ဒီမှာ ယူလိုက်ပါ ။
၂) Window media encoder 9 ကို Installed လုပ်ပြီးရင် configure လုပ်ပါမယ် ။
၃) Window media encoder 9 ကို open လိုက်ရင် မေးပါလိမ့်မယ် ဘာနဲ့ ဘယ်လိုလုပ်မှာလဲပေါ့ အဲ့ဒီတော့
Broadcast a live event ကိုရွေးပေးလိုက်ပါ ။
၎) Video check box ကို uncheck လုပ်လိုက်ပါ ။ Audio check box ကိုပဲ enable ပေးထားလိုက်ပါ ။ ဒီနေရာ မှာ သင် အသုံးပြုနေတဲ့ sound card (သို့မဟုတ် ) sound program ကို drop down menu မှာ ရွေးပေးလိုက်ပါ ။ နောက်တော့ next သွားပါ့မယ် ။
၅) Pull from the encoder ကို select လုပ်ပါမယ် ။

၆) သင်အသုံးပြုမယ့် port ကို ရွေးရပါမယ် ။ ဘာမှန်းမသိဘူးလား ရပါတယ် ။ find free port ကို click လိုက်ပါ ။ ကျွန်တော် ကတော့ 2141 ကို ရွေးပါမယ် ။အောက်မှာ သင့်ရဲ့ ip နဲ့ port ကိုဖော်ပြထားပါတယ် ။ မမှတ်မိရင်လဲ copy ကူးထားဗျာ ။ ပြီးရင် next ပေါ့ဗျာ ။
ရ) နောက်အရေး ကြီးတဲ့ အပိုင်းကို ရောက်လာပါပြီ သင့် FM ကို လူတွေအများကြီးက နားထောင်လို့ ရစေချင်တယ်မလား Audio နောက်က dropdown menu မှာ mulitiple dit rate audio (CBR) ကိုရွေးပါ ။
Bit rate အောက်က check box မှာ အားလုံးကို လိုက်ပြီး check လုပ်ပါ ။ 135 ,70 , 54 စသည်ဖြင့် အားလုံးကို check လုပ်လိုက်ပါ .။
၈) နောက်တော့ next သွားပါမယ် ။ archieve လုပ်မှာလားဆိုတဲ့နေရာမှာ uncheck ပေးလိုက်တာ ပိုကောင်းပါတယ် ။
၉) ပြီးရင်တော့ သင့် FM အတွက် title , autor အစရှိတဲ့ အချက်အလက်လေးတွေ ဖြည့်ဗျာ ။
၁၀)ကဲ အားလုံးပြီးရင် next သွားပြီး finish ပေးလိုက်တော့ ။
၁၁) နောက်တစ်ဆင့်မှာ source file ရွေးရပါမယ် ။ အဲ့ဒီအတွက် က view ထဲက source panel ကို select ပေးလိုက်ပါ ။ ပြီးရင်အဲ့ဒီ source file လေးပေါ်မှာ right click ထောက်ပြီး properties ကို သွားပါ့မယ် ။

၁၂) အဲ့ဒီ source file လေးတွေရဲ့ ညာဘက်မှာ သူ့ရဲ့ option လေးတွေပါတယ် ။ အဲ့ဒီမှာ soruce from : ကို file ရွေးပေးပါ့မယ် ။ At end : ဆိုတဲ့ နေရာမှာ Roll over to next source ပေးထားပါ ဒါမှသာလျှင် နောက်တစ်ပုဒ်ကို ပြောင်းသွားမှာ ဖြစ်ပါတယ် ။ နောက်ဆုံး အပုဒ်ကျရင်တော့ roll over to first source ပေးထားလိုက်ပေါ့ ။ အောက်မှာ ပုံနဲ့ ပြထားပါတယ် ။

၁၃) ပြီးရင်တော့ start encoding ဆိုတာနဲ့ သင့်ရဲ့ FM စတင်အလုပ်လုပ်နေပါပြီ ။

၁၄) ကဲ ဘယ်လို နားထောင်မလဲ ။ ဘယ်လို နားထောင်လို့ ရမလဲ ဆိုတော့ ကာ ။ သင် port ဖြည့်တဲ့ နေရာမှာ တုန်းက သင်ရဲ့ LAN ip နဲ့ port ကို ဖော်ပြပြီးသား ဖြစ်ပါတယ် ။ အဆင့် ၆ မှာတုန်းက copy ကူးလာတာရှိမှာပေါ့ ။ ဒါပေမယ့် အဲ့ဒီ လင့်မှာက http :// ဘာညာသာရကာ ဖြစ်နေမယ် LAN မှာ နားထောင်ဖို့ကြတော့ mms နဲ့ မှ ဖြစ်မယ် ။ ဆိုလိုတာက ဒီလို ဗျာ mms:// < your ip>:< port >/ အဲ့လို ဖြစ်မယ် ။ ဥပမာ ဗျာ ။ ကျွန်တော့် LAN ip က ***.**.**.*** ဆိုပါတော့ အပေါ်မှာ ကျွန်တော် ရွေးခဲ့တဲ့ port က 2141 ဖြစ်တဲ့ အတွက် mms://***.**.**.***:2141/ ဆိုပြီး ဖြစ်သွားပါလိမ့်မယ် ။ အဲ့ဒီ လင့်ကို browser မှာ ရိုက်ထည့်ပြီး နားထောင်လို့ ရသလို window media ကို open ပြီး Ctrl +U ကို နှိပ်ပါ ပြီးရင် url မှာ ဖော်ပြပါ url ကို ထည့်ပြီး နားထောင်လို့လဲ ရပါတယ် ။ ကဲ သင်ကလဲ သင်ဖွင့်ချင်တာ ဖွင့်ပြပေတော့ နားထောင်တဲ့ လူကတော့ သင်ဖွင့်ပြတာပဲ နားထောင်ရမှာလေ ။

0 comments:

Post a Comment

♠♠♠..deih sak na in it na hi..♠♠♠